ကုသိုလ်တော်

မန္တလေးတောင်ရဲ့ အရှေ့တောင်ဖက် မင်းတုန်းမင်းရဲ့ ကုသိုလ်တော်ဘုရား။

ကုသ�ုလ်တော်ဘုရား

ကုသိုလ်တော်ဘုရား

ကုသ�ုလ်တော်ဘုရားက�ု မန္တလေးတောင်ပေါ်က မြင်ရပုံ

ကုသိုလ်တော်ဘုရားကို မန္တလေးတောင်ပေါ်က မြင်ရပုံ

မသ ၁၂၂၄ ၀ါဆိုလမှာ မင်းတုန်းမင်း တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားဖြစ်ပြီး ဘွဲ့အမည်က မဟာလောကမာရဇိန်ဖြစ်ပါတယ်။ တံတိုင်း ၃ ထပ်ရှိပြီး ဖိနပ်ခင်းအချင်း သံတောင် ၆၅၊ အရပ်တော် သံတောင် ၅၀၊ ၁ မိုက် ၄ သစ်ရှိပါတယ်။

မသ ၁၂၃၀ ကဆုန်လဆန်း ၁ ရက်မှာ ၀ိနည်း ၅ ကျမ်း၊ ကျော်ချပ်ရေ (၁၁၁)။ အဘိဓမ္မာ ၇ ကျမ်း၊ ကျောက်ချပ်ရေ (၂၀၈)။ သုတ္တန်ပါဠိတော် ကျောက်ချပ် (၄၁၀) ရှိတဲ့ ဓမ္မစေတီတော် (၇၂၉) ဆူ ကို ထုလုပ် ၀န်းရံ တည်ထားခဲ့ပါတယ်။ ကျောက်စာအချပ်ရေများတဲ့ ဘုရားဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်လို့ တင်စားရေးသားကြပါတယ်။

ကမ္ဘာ့အကြီးဆုံးစာအုပ်-ရှု။ မင်းတုန်းမင်း-ရှု။ မန္တလေးတောင်-ရှု။

Leave a comment