တင်မိုး (၁၉၃၃-၂၀၀၇)

September 20, 2008

မန္တလေးတက့္ကသိုလ် ကလောင်ရှင်အသင်းက ထင်ရှားလာတဲ့ ကဗျာဆရာကြီး။

အမည်ရင်း ဦးဘဂျမ်းဖြစ်ပြီး အဖ ဦးဘအို အမိဒေါ်စံထယ်တို့က မြင်းခြံခရိုင် တောင်သာမြို့နယ် ကန်မြဲရွာမှာ ၁၉၃၃ နိုဝင်ဘာ ၁၉ ရက်မှာ မွေးပါတယ်။ ဇဂျမ်းတိုင်းရင်းမြန်မာအလယ်တန်းကျောင်း၊ မန္တလေးကျောင်းတိုက် ဆရာတော် ဦးအာစရကျောင်း၊ ပခုက္ကူဦးခင်မောင်ကြီး ကျူရှင်ကျောင်းတို့မှာ ပညာသင်ကြားခဲ့ပြီး ဆယ်တန်းစာမေးပွဲကို ရေစကြိုအစိုးရအထက်တန်းကျောင်းက အောင်မြင်ပါတယ်။

၁၉၅၇ မှာ မန္တလေးတက္ကသိုလ်မှာ စပြီး ပညာသင်ပါတယ်။၁၉၆၅ မှာ မန္တလေးတက္ကသိုလ်က ၀ိဇ္ဖာဘွဲ့ရပါတယ်။

အမျိုးသားစာဆိုလို့ အများက သတ်မှတ်လက်ခံကြတဲ့ ကဗျာဆရာကြီး တင်မိုး

၁၉၅၀ မှာ မန္တလေးထုတ် ဗဟိုစည် သတင်းစာမှာ ၀ါကျွတ်သဘင် ကဗျာ ကို ကန်မြဲသက်နှင်း ကလောင်အမည်နဲ့ ရေးပြီး ၁၉၅၁ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်မဂ္ဂဇင်းမှာ ကန်မြဲနန်းမြင့်နွယ် ကလောင်အမည်နဲ့ လယ်ထဲက တေးသံချို ကဗျာကို ရေးခဲ့ပါတယ်။ ၁၉၅၅-၅၈ ကိုရင်ဂျမ်း၊ စန်းရောင် ကလောင်အမည်တွေနဲ့ ကဗျာရေးခဲ့ပြီး ၁၉၅၈ ကစပြီး တင်မိုး ကလောင်နာမည်ကို သုံးခဲ့ပါတယ်။

၁၉၅၈-၅၉ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း ဒုတိယဥက္ကဌ၊ ၁၉၆၀ မှာ ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး ၁၉၅၉ ဖေဖော်ဝါရီလမှာ ဖန်မီးအိမ်ကဗျာစာအုပ်ကို မန္တလေးတက္ကသိုလ်ကလောင်ရှင်အသင်း စာစဉ် စာအုပ်အမှတ် ၁ အဖြစ်ထုတ်ဝေပါတယ်။ ဒီစာအုပ်နဲ့ စာပေဗိမာန် ဆုရပါတယ်။ မန္တလေးတက္ကသိုလ်ကလောင်ရှင်အသင်း-ရှု။

၁၉၆၃-၆၇ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်။ ၁၉၆၅ ဖန်မီးအိမ်စာအုပ်တိုက်၊ ၁၉၆၆-၆၇ မှာ လူထုသတင်းစာ ကဗျာ အယ်ဒီတာအဖြစ်ောဆင်ရွက်ခဲ့ပါတယ်။ ၁၉၆၇-၈၇ ရန်ကုန်တက္ကသိုလ်မှာ ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေး ဌာန စာပြုနဲ့ လက်ထောက် အယ်ဒီတာအဖြစ် အမှုထမ်းခဲ့ပြီး ၁၉၆၇-၈၄ အခြေခံပညာ သင်ရိုးညွှန်းတမ်း မြန်မာစာသင်ရိုးအဖွဲ့ဝင်အဖြစ် ကျောင်းသုံးမြန်မာဖတ်စာ စာမူရွေးခြယ်ခြင်း ရေးသားခြင်းပြုလုပ်ခဲ့ပါတယ်။

၁၉၇၀ ပြည့်နှစ်မှာ ထီးကလေးနဲ့ မနီ ကဗျာစာအုပ်နဲ့ အမျိုးသားစာပေဆု ရပါတယ်။

၁၉၈၈ မှာ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တတ်သိပညာရှင်များအဖွဲ့တွင် ပါဝင်ခဲ့ပါတယ်။ ၁၉၉၁ ကနေ ၁၉၉၅ အထိ စစ်အစိုးရက ဖမ်းဆီး ထောင်ချခဲ့ပါတယ်။

၁၉၅၈ မှာ ပန်းလက်ဆောင်၊ ၁၉၅၉ မှာ ဖန်မီးအိမ်၊ ၁၉၆၃ မှာ လှေတစင်းနဲ့ သီချင်းသည်၊ ၁၉၆၄ မှာ အဖိုးက၀ိ ကဗျာများ၊ ၁၉၆၅ အှာ အမေ့ကျောင်း၊ ၁၉၆၆ မှာ လူလေးကြီးရင် ဘာလုပ်မယ်၊ ၁၉၆၇ မှာ ပန်းဈေးခင်း၊ ၁၉၆၉ မှာ စိမ်းလန်းသောအိပ်မက်၊ ၁၉၆၉ မှာ ပိတောက်မှသရဖီ၊ ၁၉၇၀ ထီးကလေးနဲ့ မနီ၊ ၁၉၇၂ မှာ ဆီးသီးသည် မဗျိုင်း၊ ၁၉၇၂ မှာ ခုနှစ်စဉ်ကြယ်၊ ၁၉၇၃ မှာ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်းနဲ့ ပိျုးခင်းတေးသံ၊ ၁၉၇၅ မှာ ပူစီ၊ ၁၉၇၇ မှာ ပုဂံကျောင်းက ခေါင်းလောင်းသံ၊ ကိုရင်ဂျမ်း အစမ်းစာ၊ ကလေးကဗျာပန်းဥယျာဉ်၊ ၁၉၉၇ မှာ ကံ့ကော်ရိပ်မှ အိပ်မက်များ၊ ၁၉၉၈ မှာ ကန္တာရနှစ်များ ကဗျာစာအုပ်တွေ ရေးသားထုတ်ဝခဲ့ပါတယ်။

၁၉၉၉ မှာ ပြည်ပကို ထွက်ခွါခဲ့ပြီး ကဗျာပေါင်းချုပ်အပါအ၀င် ကဗျာစာအုပ် ၅ အုပ်ရေးသားထုတ်ဝေခဲ့ပါတယ်။

၁၉၉၉ ကနေ ၂၀၀၇ ခုနှစ် အထိ ပြည်ပအခြေစိုက် BBC, RFA, VOA မြန်မာရေဒီယိုတွေနဲ့ စာနယ်ဇင်း အင်တာနက်စာမျက်နှာတွေမှာ စာကဗျာရေးသားခြင်း များပြုလုပ်ခဲ့ပါတယ်။

၂၀၀၂ မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က Hellman-Hammett Grant ဆု၊ ၂၀၀၄ အောက်တိုဘာမှာ နယ်သာလန်နိုင်ငံက Prince Claus Award စာပေဆုတို့ကို ချီးမြင့်ခံရပါတယ်။

၂၀၀၇ ဇန်န၀ါရီ ၂၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့ နေအိမ်အနီး လက်ဖက်ရည်ဆိုင်မှာ ကွယ်လွန်ခဲ့ပါတယ်။


ကုသိုလ်တော်

September 19, 2008

မန္တလေးတောင်ရဲ့ အရှေ့တောင်ဖက် မင်းတုန်းမင်းရဲ့ ကုသိုလ်တော်ဘုရား။

ကုသ�ုလ်တော်ဘုရား

ကုသိုလ်တော်ဘုရား

ကုသ�ုလ်တော်ဘုရားက�ု မန္တလေးတောင်ပေါ်က မြင်ရပုံ

ကုသိုလ်တော်ဘုရားကို မန္တလေးတောင်ပေါ်က မြင်ရပုံ

မသ ၁၂၂၄ ၀ါဆိုလမှာ မင်းတုန်းမင်း တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားဖြစ်ပြီး ဘွဲ့အမည်က မဟာလောကမာရဇိန်ဖြစ်ပါတယ်။ တံတိုင်း ၃ ထပ်ရှိပြီး ဖိနပ်ခင်းအချင်း သံတောင် ၆၅၊ အရပ်တော် သံတောင် ၅၀၊ ၁ မိုက် ၄ သစ်ရှိပါတယ်။

မသ ၁၂၃၀ ကဆုန်လဆန်း ၁ ရက်မှာ ၀ိနည်း ၅ ကျမ်း၊ ကျော်ချပ်ရေ (၁၁၁)။ အဘိဓမ္မာ ၇ ကျမ်း၊ ကျောက်ချပ်ရေ (၂၀၈)။ သုတ္တန်ပါဠိတော် ကျောက်ချပ် (၄၁၀) ရှိတဲ့ ဓမ္မစေတီတော် (၇၂၉) ဆူ ကို ထုလုပ် ၀န်းရံ တည်ထားခဲ့ပါတယ်။ ကျောက်စာအချပ်ရေများတဲ့ ဘုရားဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်လို့ တင်စားရေးသားကြပါတယ်။

ကမ္ဘာ့အကြီးဆုံးစာအုပ်-ရှု။ မင်းတုန်းမင်း-ရှု။ မန္တလေးတောင်-ရှု။


ကရင်အ၀င်

September 19, 2008

(ဒေသိယ၊ အာလုပ်စကား)

အချိန်ကာလအဖြစ်အပျက်ကို အခြေခံတဲ့ စကားလုံး။

ကရင်သူပုန်တပ်တွေ မန္တလေးမြို့ကို ၀င်ရောက်သိမ်းပိုက်ခဲ့တဲ့ ကာလ။ ၁၉၄၉ မတ်လ ၁၁ ရက်ကနေ ဧပြီ ၆ ရက် အထိ ၂၆ ရက် တာ ကာလကို ယေဘုယျ မန္တလေးမြို့သူမြို့သားတွေ ပြောဆိုသုံးနှုန်းခဲ့တဲ့စကားလုံး။

ဥပမာ-ကရင်တွေ ၀င်တော့ နန်းတော်ရှေ့ဆရာတင်ဟာ နန်းရှေ့ခင်မကန်တိုက်မှာ ပုန်းခိုရင်း ပြည်တွင်းစစ်ဒဏ်ကို ခံနေရရှာတယ်။

ကုလားတက်-ရှု။


ကချင်နှစ်ချင်းခရစ်ယာန်အသင်း

September 19, 2008

မန္တလေးမြိုမှာရှိတဲ့ ကချင်တိုင်းရင်းသားများ နှစ်ချင်းခရစ်ယာန်အသင်းတော်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ ကချင်နှစ်ချင်း သာသနာပြုအသင်းရဲ့ မန္တလေးအသင်းခွဲဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဓမ္မဆရာ ဦးဇော်အောင်က စတင်တည်ထောင်ပါတယ်။

၂၇ လမ်း နဲ့ ၇၅ လမ်းထောင့်၊ စိတ္တရမဟီရပ်မှာ ရှိပါတယ်။


September 18, 2008

ခရေပင်ဝိုင်းကျောင်း

(ခ) ရပ်ကွက်

ခဲ (ဆရာ-၊ ပညာသိဒ္ဓိကျော်ခေါင်) (၁၈၃၂-၁၉၀၃)

ခဲလန်ချောင်း (ဒေသိယ၊ နာမ်)

ခဲလန်တန်း

ခံကုန်းသုဿန်

ခိုတောင်မုန့်တီ

ခင်ခင်လေး (ဒဂုန်-)

ခင်စောမူကွေ့

ခင်မကန်တိုက် (အနောက်)

ခင်မကန်တိုက် (အရှေ့)

ခင်မောင်(ဗိုလ်-) (၁၉၂၀-၁၉၃၉)

ခင်မောင်(ဗိုလ်-၊ ရွှေရိုး) (၁၉၂၀-၁၉၃၉)

ခင်မောင်(ဦး-၊ စီပီ)

ခင်မောင်(ဦး-၊ ဘဏ်) (၁၉၀၈-၁၉၈၃)

ခင်မောင်ကလေး (ဗိုလ်-၊ ၁၉၁၂-၁၉၈၅)

ခင်မောင်စန်း(၁၉၅၅-)

ခင်မောင်ဒွေး (ဦး-၊ မဟာဂီတ) (၁၈၉၃-၁၉၈၀)

ခင်မောင်သန်း(စိတ်ပညာ) (၁၉၃၇-)

ခင်သန်းမြင့်(ဒေါ်-)(၁၉၁၇-)

ခေါင်းနင်းဆင်း (ဒေသိယ)(နာမ်)

ခိုင်ရွှေဝါလမ်း

ခတ္တာလမ်း

ခတ္တိယ၀င်း

ခန္တီ(ဦး-၊ ရသေ့ကြီး)(မသ ၁၂၂၉-၁၃၁၀)

ခန်းပတ်မင်းကြီး (မသ ၁၁၈၂-၁၂၅၈)

ခတ်တန်းရပ်

ခုံဖိနပ်ချောင်

ခုံတော်မင်းဝင်း

ချီပါရပ်

ချော်ဆိပ်

ချင်းတန်း

ချောင် (ဒေသိယ၊ နာမ်)

ချစ်စရာ

ချစ်ညို (၁၉၂၄-၁၉၈၇)

ချစ်ဖွယ် (ဦး-၊ လူရွှင်တော်)(မသ ၁၂၃၄-၁၃၀၆)

ချစ်မြဲ (ဦး-၊ ပန်းချီ) (၁၉၁၈-၁၉၇၃)

ချန်ထွန်း(သခင်-) (၁၉၂၁-)

ချစ်အုန်း(ဦး-၊ လက်ဝှေ့) (၁၉၂၂-၁၉၈၄)

ချမ်းမြ(ဦး-၊ ပါမောက္ခ) (၁၉၀၈-၁၉၉၇)

ချမ်းမြမာလာခုံးကျော်တံတား

ချမ်းမြရွှေပြည်ရပ်

ချမ်းမြ၀တီခုံးကျော်တံတား

ချမ်းမြသာစည်မြို့နယ်

ချမ်းမြသာစည်လေဆိပ်

ချမ်းသာကြီးဆန်လှူအသင်း

ချမ်းသာကြီးဘုရား

ချမ်းသာရထုံးကုန်း

ချမ်းသာရဘုရား

ချမ်းအေး (၁၉၅၄-)

ချမ်းအေးသာစံမြို့နယ်

ချမ်းအေးသာစံအနောက်

ချမ်းအေးသာစံ အရှေ့

ချမ်းအေးသာစံအလယ်

ချုံ(ဆရာ-၊ ပန်းချီတော်)(မသ ၁၂၂၈-၁၂၇၈)

ခြင်္သေ့ကျောင်းဆောင်

ခြင်္သေ့မင်းစာအုပ်တိုက်

ခြင်္သေ့ဦး

ခြိမ့် (ဦး-၊ မြောင်လှမြို့စား)

ခွေးဘေးမဲ့ခြံ

ချွန်းတောင်ဝင်း


က

September 17, 2008

ကချင်နှစ်ချင်း ခရစ်ယာန်အသင်း

ကနောင်မင်းသား (မသ ၁၁၈၁-၁၂၂၈)

ကရင်အ၀င်

ကလျာဏ (ဦး-၊ မဟာဝေယံဘုံသာ)

(က) ရပ်ကွက်

ကလေးဆေးရုံ

က၀ိ (ဦး-)

ကာက (ဦး-၊ လက်ဖက်ခြောက်)

ကာတစ် (ဒေသိယ၊ ဗန်း၊ နာမ်စား)

ကာတစ်တိုက် (လိပ်)

ကာဖီ (ဒေသိယ၊ နာမ်)

ကားကြီးကွင်း

ကုလားတက် (ဒေသိယ၊ နာမ်)

ကုသိန္နာရုံကျောင်းတိုက်

ကုသိုလ်တော်

ကူကြီးကုန်းကျောင်း

ကူးစက်ရောဂါဆေးရုံ

ကူးသန်းရောင်းဝယ်ရေး ပညာသင်ကျောင်း

ကေတု (ဦး-)

ကေလာ (ဦး-)

ကောလိပ်ကျောင်း

ကံကြီးကုန်း

ကံချွန် (၁၉၄၆-)

ကံချွန် (ပန်းချီ၊ ဦး-)

ကိုချစ်(၁၉၅၃-)

ကိုငြိမ်း (မန္တလေး)(၁၉၄၄-)

ကိုပညာ (အမရပူရ)(၁၉၃၃-)

ကိုပေါ (မြို့မ-) (၁၉၂၇-)

ကိုရိုးကွန့် (၁၉၅၅-)

ကိုလေး (အင်းဝဂုဏ်ရည်)

ကိုးတာမီး

ကိုးလုံးဒကာ

ကိုးလုံးဒကာဘုရား

ကုက္ကိုစု

ကောက်ရိုး (ဒေသိယ၊ ဗန်း၊ နာမ်)

ကင်းကိတ်

ကင်းဝန်မင်းကြီး (မသ ၁၁၈၃-၁၂၇၀)

ကင်းဝန်မင်းကြီးကျောင်း

ကဉ္စနမဟီ

ကောင်းတုံဘုရားကျောင်း

ကိုင်းတန်းဈေး

ကိုင်းတန်းရပ်

ကိုင်းတန်းဈေးသစ်

ကတ္တူရပ်

ကန်ကောက်

ကန်တိလိ

ကန်တော်နဒီဆေးရုံ

ကန်တော်မင်ဈေး

ကန်သာယာ

ကုန်စည်ဒိုင်

ကုန်စိမ်းပွဲရုံ

ကုန်သည်တော်ရပ်

ကုန်းဘောင်

ကုန်းဘောင်ခေတ်

ကုန်းဘောင်မင်းဆက်

ကပ်ကျော်

ကပ်ကျော်ဘုရား

ကမ်းနားလမ်း

ကယ်လီကျောင်း

ကယ်လီဝင်း

ကိုယ်ရေပြားအထူးကုဆေးရုံ

ကျားဘညိန်း

ကျော် (ဦး-၊ လက်ဖက်)

ကျော် (ဦး-၊ ၀ါးတန်း)

ကျော် (ဦး-၊ ဟင်္သပြဒါး)

ကျော်ငြိမ်း (ဦး-၊ ပန်းပု)

ကျော်စွာထက်

ကျော်မိုးတံခါး

ကျော်မိုးသာ

ကျော်ရင်(ဦး-၊ လေထီး)

ကျော်ရင်မြင့်

ကျော်လှ (ဦး-၊ စတီးလ်)

ကျော်ဝင်း(ဦး-၊ ၀င်းလိုက်)

ကျော်သိန်း(ဦး-၊ အရီးတောင်း)

ကျောက်ကုန်တန်း

ကျောက်စာရုံ

ကျောက်စာဝန်ဦးမြ

ကျောက်စိမ်းတန်းလမ်း

ကျောက်ဆစ်တန်း

ကျောက်ဆစ်မီးသတ်

ကျောက်တော်ကြီးဘုရား

ကျောက်တော်ကြီးဘုရား (တောင်သမန်)

ကျောက်ထိုးရုံ

ကျောက်ပျောက်ရပ်

ကျောက်ပြားစက်ရုံ

ကျောက်ဗလီ

ကျောက်လမ်း (ဒေသိယ၊ နာမ်)

ကျောက်လုံး (ဦး-၊မင်းသားကြီး)

ကျောက်လုံး (ဦး-၊ ရုပ်ရှင်သရုပ်ဆောင်)

ကျောက်လှည့် (ဒေသိယ၊ နာမ်)

ကျောက်သပိတ်

ကျောက်သပိတ်ချောင်း

ကျောက်သွေးတန်း

ကျောက်သွေးတန်းလမ်း

ကျုံး

ကြာနီကန်

ကြာနီကန်သုဿန်

ကြာပစ်ပွဲ

ကြီးပွားရေးပုံနှိပ်တိုက်

ကြေးမုံတံခါး

ကြေးနန်းရုံး

ကြေးရုပ်များ

ကြေးသွန်းခတ်တန်း

ကြေးသွန်းရပ်

ကြံခင်းတံတား

ကြံခင်းရပ်

ကြက်စု

ကြက်တန်း

ကြက်မွှေးတံတား

ကြည်ဇော်ဝင်း

ကြည်တော်ဆက် မဂ္ဂဇင်း

ကြည်မြ (ဦး-)

ကြည်အောင်

ကြမ်း (ဒေါ်-)

ကြိမ်ဝင်း

ကြယ်ခတ်ဝင်း

ကွမ်တုံ ဗုဒ္ဓဘာသာဘုရားကျောင်း

ကွမ်းခြံ

ကွမ်းခြံစာတိုက်

ကျွဲစွန်း

ကျွဲဆည်ကန်

ကျွန်တော် (ဒေသိယ၊ နာမ်)

ကျွန်းလုံးဥသျှောင်


ကုန်းဘောင်မင်းဆက်

September 17, 2008

ကုန်းဘောင်ခေတ် အတွင်းမှာ နန်းစံခဲ့တဲ့ မင်းဆက် ၁၁ ဆက်။

၁။ အလောင်းမင်းတရား (ဦးအောင်ဇေယျ) (နန်းစံ ၁၇၅၂ -၁၇၆၀)

၂။ နောင်တော်ကြီး (နန်းစံ ၁၇၆၀- ၁၇၆၃)

၃။ ဆင်ဖြူရှင် (နန်းစံ ၁၇၆၃-၁၇၇၆)

၎။ စဥ့်ကူးမင်း (နန်းစံ ၁၇၇၆-၁၇၈၂)

၅။ ဖောင်းကားစားမင်း (နန်းစံ ၁၇၈၂ ဖေဖော်ဝါရီလအတွင်း နန်းစံ ရက် ၇ ရက်)

၆။ ပဒုံမင်း (မြေဒူးမင်း-ဘိုးတော်ဘုရား) (နန်းစံ ၁၇၈၂-၁၈၁၉)

၇။ စစ်ကိုင်းမင်း (နန်းစံ ၁၈၁၉-၁၈၃၇)

၈။ သာယာဝတီမင်း (နန်းစံ ၁၈၃၇-၁၈၄၆)

၉။ ပုဂံမင်း (နန်းစံ ၁၈၄၆-၁၈၅၃)

၁၀။ မင်းတုန်းမင်း (နန်းစံ ၁၈၅၃-၁၈၇၈)

၁၁။ သီပေါမင်း (နန်းစံ ၁၈၇၈-၁၈၈၅)

ကုန်းဘောင်ခေတ်-ရှု။

ကုန်းဘောင်မင်းဆက် ပြဇယား

ကုန်းဘောင်မင်းဆက်ပြ ဇယား