မူရင်းစာအုပ်နဲ့ စာရေးသူ

ကျွန်တော့်အနေနဲ့ မန္တလေးနဲ့ ပတ်သက်တဲ့ စာတစောင်ပေတဖွဲ့ရေးဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၁၉၉၇ မေလဆန်းက စီအမ်ဂျီ မီဒီယာက ကိုတင်သစ် (မောင်တင်သစ်) နဲ့ ကိုနမ်းဝေ (မောင်နမ်းဝေ-ဗန်းမော်) တို့နဲ စကားစပ်မိရာ ကျွန်တော့်ကို မန္တလေးနဲ့ ပတ်သက်တဲ့ စာအုပ်တအုပ်ရေးဖို့ ပြောလာပါတယ်။

မန္တလေးက လူတိုင်း ၀ယ်ထားသင့်တဲ့ စာအုပ်ဖြစ်ရမယ်။ လူတိုင်း ၀ယ်နိုင်တဲ့ ဈေးနဲ့လည်း ဖြစ်ရမယ်ဆိုတဲ့ ပါးပါးလျားလျား စာအုပ်မျိုးလို့ပြောပါတယ်။ သူပြောတဲ့ စာအုပ်မျိုးရေးဖို့ဆိုတာ တာဝန်ကြီး ခက်ခဲတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်ရေးပါ့မယ်လို့ ပြောလိုက်မိပါတယ်။

ဒါနဲ့ ဒီစာအုပ်စိတ်ကူးရလာတာပါ။

ဒီစာအုပ်ကို ၁၉၉၈ မှာ စိစစ်ရေးတင်ခဲ့ပေမယ့် ၂၀၀၀ ပြည့်နှစ်ကျမှ စိစစ်ရေး ခွင့်ပြုချက်ရပါတယ်။ ဖြုတ်တာ ပယ်တာတွေ အများကြီးရှိပါတယ်။ ဒီစာအုပ်ကို ၂၀၀၀ ပြည့်နှစ် ဇွန်လ မှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ပုံနှိပ်ရာမှာရော စာချုပ်ချုပ်တဲ့နေရာမှာကော အရည်သွေးက ညံ့လို့ ထင်သလောက် ခန့်ခန့်ညားညား မရှိခဲ့ပါဘူး။

ကျွန်တော် အပြင်မှာ ရောက်နေတော့ ဒီစာအုပ်ကို ပြင်ဖြည့် ရေးတာမလုပ်နိုင်တော့ပါ။ ဒါ့ကြောင့် အများသူငါ အလွယ်တကူ ကိုးကားနိုင်အောင် ဘလော့ဂ်မှာ ရေးတင်လိုက်တာဖြစ်ပါတယ်။

အခု လွတ်လပ်တဲ့အာရှအသံ (အာအက်ဖ်အေမှာ) အမှုထမ်းနေပါတယ်။ ဒီဘလောက်ဂ်မှာ ပါဝင်တဲ့ အချက်အလက်နဲ့ အယုဆတွေဟာ အာအက်ဖ်အေနဲ့ လုံးဝ စပ်ဆိုင်တာမရှိ။ ပတ်သက်တာမရှိပါဘူး။ ကျွန်တော့်ကိုယ်ပိုင် အယူဆနဲ့ အချက်လက်တွေသာ ဖြစ်တယ်ဆိုတာ ဖော်ပြအပ်ပါတယ်။

Encyclopedia of Mandalay (Mandalay Abidan) was written by Nay Htut (a.k.a) Kyaw Min Htun. The author is now working at Radio Free Asia in Washington DC since 2005 as a broadcaster and a reporter. The entries posted in the blog were originally written while he was in Burma/Myanmar and published in 2000 as a book.

The views expressed on this blogs are of his alone and do not necessarily reflect the views of Radio Free Asia. This is just a personal blog and it is not officially related to or endorsed by Radio Free Asia.

4 Responses to မူရင်းစာအုပ်နဲ့ စာရေးသူ

  1. manawphyu says:

    hello,
    I visiting your site.They are really nice.

    • ဆရာသမီးဆီမှာဆရာ့စာအုပ်ရှိပါတယ်
      ဖေဖေ၀ယ်ထားတာပါ
      ဖတ်လို့အရမ်းကောင်းပါတယ်
      သမီးမသိတာလေးများမေးလို့ရမလားလို့ပါ
      ဆရာ့ကိုတိုက်ရိုက်ဆက်သွယ်လို့ရမယ့်ဖုန်းရှိမလားလို့ဆရာ

      • KMH says:

        ကျေးဇူးတင်ပါတယ်။
        ကျနော်က အခု အမေရိကမှာနေတဲ့အတွက် အီးမေးလ်ပို့ဆက်သွယ်နိုင်ပါတယ်။
        kh2138@columbia.edu ပါ။
        လေးစားစွာ

    • KMH says:

      thank you very much.

      nay htut

Leave a reply to manawphyu Cancel reply