(ရွာနေပြေတိုင်) (ဒေသိယ။ နာမ်) ဇာတိချက်ကြွေ အရပ်ဒေသတခုမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့သူ။ ဒေသခံ။ (ဗဟု) ၄င်း နေထိုင်သူများ။ အရပ်ဒေသတခုမှာ အခြေတကျ နေထိုင်လာသူ အိမ်ရှင်၊ အိမ်ခံ။
ဥပမာ- လူထုတို့၊ ရဲရင့်တို့ဆိုတာ မန္တလေးစာအုပ်လောက ရဲ့ ရွာနေပြည်ထိုင်တွေပေါ့။
-သူတို့က ဒေါင်းရိုးရပ်မှာ နေလာတာ မိဘတွေ လက်ထက်ကတည်းက။ ရွာနေပြည်ထိုင်တွေပေါ့အေ။