စိုင်းခမ်းလိတ် (၁၉၄၉-)

မန္တလေးက ထင်ရှားတဲ့ သီချင်းရေးဆရာတဦးဖြစ်တဲ့ ဆရာစိုင်းခမ်းလိတ်ဟာ ရှမ်းတိုင်းရင်းသားတဦးလည်းဖြစ်ပါတယ်။ ၁၉၄၉ ဧပြီလ ၂၇ ရက်နေ့မှာ အဖ နမ္မတူအမတ်ကြီး ဦးရွှေကြီး နဲ့ မိခင် ဒေါ်စိန်ဥတို့က ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာ မွေးခဲ့ပါတယ်။ ဦးရွှေကြီးဟာ ရှမ်းကဗျာဆရာကြီးတဦးဖြစ်ပြီး ကလောင်နာမည်က ခမ်းကာ (တုံဟုံး) ဖြစ်ပါတယ်။

စ�ုင်းထီးဆ�ုင် ဈာပနနေ့က တွေ့ရတဲ့ ဆရာစ�ုင်းခမ်းလ�တ်

စိုင်းထီးဆိုင် ဈာပနနေ့က တွေ့ရတဲ့ ဆရာစိုင်းခမ်းလိတ်

နမ္မတူ ပန်ဟိုက်ရပ်မူလတန်းကျောင်းမှာ ပညာစသင်ကြားပြီး နမ္မတူက Our Lady’s Convent ကျောင်းမှာ ၇ တန်းအထိ ပညာသင်ခဲ့ပါတယ်။ နောက်တော့ မေမြို့ (ပြင်ဦးလွင်)က စိန့်အဲလ်ဘတ် (St. Albert’s) အထက်တန်းကျောင်းကနေ ၉ တန်းနဲ့ ၁၀တန်းအောင်ခဲ့ပါတယ်။

၁၉၆၆ မှာ မန္တလေး ဆေးတက္ကသိုလ်ကို ရောက်ပြီး ဆေးဘွဲ့ရပြီးနောက်မှာ မေမြို့မှာ ၄ နှစ်၊ ရန်ကုန်မှာ ၆ နှစ်၊ မန္တလေးဆေးတက္ကသိုလ်မှာ ၅ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆေးပင်စင်ယူခဲ့ပါတယ်။

၁၉၆၅ မှာ ရှမ်းဘာသာနဲ့ တောင်ကြားတွင်းမှ တောနှင့်တောင် သီချင်းကို ကော်ပီသံစဉ်နဲ့ စပြီးရေးခဲ့ပါတယ်။ ၁၉၆၆ မှာ ရှမ်းဘာသာနဲ့ အိမ်မက်ထဲက အချစ် ကို ကိုယ်ပိုင်သံစဉ်နဲ့ စရေးတယ်လို့ သိရပါတယ်။ ၁၉၆၈ မှာ ရှမ်းသီချင်းများစွာရေးခဲ့ပြီး ၁၉၇၃ မှာ မြန်မာကိုယ်ပိုင်သံစဉ် သီချင်းတွေကို စပြီးရေးပါတယ်။

စိုင်းထီးဆိုင်သီဆိုတဲ့ တတိယတေးစီးရီးဖြစ်တဲ့ ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ စီးရီးက မန္တလေးရောက် ရှမ်းတယောက် သီချင်းနဲ့ စပြီးထင်ရှားခဲ့ပါတယ်။

မြန်မာသီချင်း ၅၀၀ ခန့် ရေးသားခဲ့ပြီး အများစုဟာ အောင်မြင်ထင်ရှား လူကြိုက်များတဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ တက္ကသိုလ်များ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူပြီး ရှမ်းသီချင်းကဗျာတွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သီချင်းတွေကို ရေးသားခဲ့ပါတယ်။ ဇနီးက ဒေါက်တာဒေါ်နွဲ့နွဲ့တင်ဖြစ်ပြီး သမီး လေး ယောက်ရှိတဲ့ အနက် နန်းခမ်းနွဲ့လိတ် ဟာ တေးသီချင်းတွေ သီဆိုတဲ့ အဆိုရှင်တဦးဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်အနီးက မဟာမြိုင်ရပ်မှာ မိသားစုနဲ့ နေထိုင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.