သခင်ချန်ထွန်း (၁၉၂၁-)

သခင်ချန်ထွန်း (၂၀၀ဂ)

သခင်ချန်ထွန်း (၂၀၀ဂ)

သက်ရှိထင်ရှားရှိဆဲဖြစ်တဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့က နိုင်ငံရေးသမားကြီးတဦးဖြစ်ပါတယ်။

မန္တလေးဗဟိုအမျိုးသားကျောင်းသားကနေ နယ်ချဲ့ဆန့်ကျင်ရေးတရားဟောတဲ့ အတွက် ပထမဆုံး ထောင်ဒဏ် ၁ နှစ် ချခဲ့ရတဲ့ ကျောင်းသားဟောင်းတဦးဖြစ်ပါတယ်။ ၁၉၂၁ မှာ အဖ ဦးဘိုးဆင်၊ အမိ ဒေါ်မြကြီးတို့က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် မဲထီးရွာမှာ မွေးပါတယ်။

၁၉၄၀ မှာ မန္တလေးဗဟိုအမျိုးသားအထက်တန်းကျောင်းက ဆယ်တန်းအောင်ပြီး ၁၉၄၀-၄၁ မှာ မန္တလေးဥပစာကောလိပ်မှာ ကောလိပ်မဂ္ဂဇင်း မြန်မာစာ အယ်ဒီတာဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးရအပြီး ဖဆပလ အစိုးရလက်ထက်မှာ လွှတ်တော်အမတ်ဖြစ်ပြီး ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာ သံအမတ်အဖြစ် အမှုထမ်းခဲ့ပါတယ်။

အငြိမ်းစားယုပြီး မန္တလေးအသင်း (ရန်ကုန်)မှာ နာယက အဖြစ်ဆောင်ရွက်ပါတယ်။

အင်္ဂလိပ်ခေတ်ကနေ အခု စစ်အစို့းရ ခေတ်အထိ မြန်မာ့နိုင်ငံ အမျိုးသားသင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေအတွက် ကိုယ်ကျိုးမဖက် တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်ကြီး တဦးဖြစ်ပါတယ်။

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.