မန္တလေးတောင်ခြေက ထင်ရှားတဲ့ စေတီတော်နဲ့ ရုပ်တုတော် တဆူဖြစ်ပါတယ်။ မသ ၁၁၆၄ မှာ သံချိန် ၁၁၃၆၈ ပိဿာနဲ့ ဘိုးတော်ဘုရားက မင်းကွန်းစေတီတော် တည်နေချိန်မှာ ထုလုပ်ခဲ့တယ်လို့ မှတ်တမ်းမှာရေးပါတယ်။ လ၀န်းလို အသရေတော်ရှိလို့ စန္ဒာမုနိလို့ အမည်တွင်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် အမရပူရကို ပင့်ပြီး ပူဇော်ရာက ဘကြီးတော်ဘုရားလက်ထက် နန်းစိုက်ရာ အင်းဝကို ပင့်ပြီး ရွှေဘိုမင်းလက်ထက်မှာ အမရပူရကို ပြန်ပင့်ခဲ့ပြန်ပါတယ်။ မသ ၁၂၂၉ မှာတော့ မင်းတုန်းမင်းက ယာယီစံနေတဲ့ နန်းမြေဘုံသာ စံနန်းတော်ကိုဖျက်ပြီး ညီတော် အိမ်ရှေ့ ကနောင်မင်းသားနဲ့ သားတော်တွေရဲ့ အလောင်းတွေကို ဂူသွင်းပြီး ဂူနဲ့ ၂ တောင်အကွာမှာ စန္ဒာမုနိ ရုပ်ပွားတော် စေတီကိုတည်ခဲ့ပါတယ်။ စေတီကို စန္ဒာမုနိဘုရားလို့ ခေါ်ကြပါတယ်။ ကနောင်မင်းသား-ရှု။ မြင်ကွန်းမြင်းခုန်တိုင်အရေး-ရှု။
မသ ၁၂၇၅ မှာ ရသေ့ကြီး ဦးခန္တီ ဦးဆောင်ပြီး အဌကထာနဲ့ ဌီကာ ကျောက်စာဂူပေါင်း ၅၀၈ ဂူ။ ကျောက်စာချပ်ရေ ၁၅၂၄ ချပ်၊ ဓမ္မစေတီပေါင်း ၇၅၈ ကျောက်ချပ်ပေါင်း ၁၇၇၄ ချပ်နဲ့ ပူဇော်ထားခဲ့ပါတယ်။ ဦးခန္တီ (ရသေ့ကြီး)-ရှု။
